ထီးချိုင့် ၂၅ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ( COVID-19 )ကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ၊ ရောဂါ ကူးစက် နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ( ၉) နာရီက အမှတ် (၄) ဈေးတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 

1935

 

မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးထွန်းထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေး အသင်းအဖွဲ့များမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိလာနိုင်စေရန် နှင့်  ဈေးအတွင်း လက်ဆေးခြင်းကို စနစ်တကျ အသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြသခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာ များ ဈေးသူဈေးသားများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

 

ရဲလင်းထွန်း (ထီးချိုင့်)

 

2547