ကျောင်းကုန်း ၂၅  မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် သစ်ဆိမ့်ကုန်းအုပ်စု ချောင်းသုံးခွတွင် အိမ်မဲချောင်း ရေစီးရေလာကောင်းမွန်စေရေး သောင်တူးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လုပ်ဆောင်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

202003

 

မိုးရာသီ ရေကြီးနစ်မြုပ်မှု လျော့ပါးစေရေးအတွက် သဘာဝဘေး စီမံခန့်ခွဲမှု ဗဟိုကော်မတီမှ ခွင့်ပြုငွေ (၃၂) သန်းဖြင့် တင်ဒါအောင်မြင်သည့် Dar Family Co,ltd မှ ဒါးကမြစ်နှင့် အိမ်မဲချောင်းဆုံ သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယခုမိုးရာသီမရောက်ခင် အပြီးလုပ်ဆောင် သွားမည်ဟု မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ကပြောသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)