ရန်ကုန် ၂၅ မတ်

 

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းသို့ စာအုပ်စာစောင်များ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဖောင်ဒေးရှင်း၌  ကျင်းပသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး (ငြိမ်း) ဗိုလ်မှူးကြီးသိုက်ထွန်း (ငြိမ်း) က ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၃)(၅၅)နှစ်ပြည့် မြရတုမှတ်တမ်းလွှာစာအုပ် (၁၅၀) အုပ်ကို ပေးလှူပြီး စာအုပ်လှူရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဦးဝင်းချို ဓူဝံစာအုပ်တိုက်က လှူဒါန်းသည့် စာအုပ် (၅၈၅) အုပ်ကို ဦးကြည်ဝင်း (လောကအမွန်) ကလည်းကောင်း၊ စာရေးဆရာမကြီး သထုံမလေးနွယ်၏ အမှတ်တရစာစုများ စာအုပ် (၁၀၀)ကို မြင်းမူမောင်နိုင်မိုး ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ကလည်းကောင်း၊ စာရေးဆရာမကြီး နတ်မောက်အနီချို၏ စာအုပ် (၅၀)အုပ်ကို ဦးကြည်ဝင်း (လောကအမွန်) ကလည်းကောင်း၊ ဦးတင်ထွန်း (မန္တလေး)က လှူဒါန်းသည့် BLESSINGS IN DISGUISE စာအုပ် (၃၀၀)ကို ဦးတင်ထွန်း၏ကိုယ်စား ဒေါ်နီနီမြင့်က လည်းကောင်း ပေးအပ်ကြရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်မှူးကြီးညွန့်ဆွေ(ငြိမ်း) (စာရေး ဆရာမောင်ဆွေသက်)က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်