ဝါးခယ်မ  ၂၅ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၃ နာရီက မရမ်းချောင်လမ်းဆုံ အဝေးပြေးလမ်း၌ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ခရီးသွားပြည်သူများအား ပြည်ပနိုင်ငံများမှ ပြန်လာသူများအား စုံစမ်းမှတ်တမ်းထားရှိခြင်း၊ Non-Contact Infrared Thermometer ဖြင့် အဖျားရောဂါ ရှိ မရှိ၊ ကိုယ်အပူချိန် မြင့်တက်နေခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လွှမ်းသီဟ (ပြန်/ဆက်)