မလှိုင် ၂၆ မတ်
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် ( COVID-19 ) ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် မိတ္ထီလာခရိုင် စီမံခန့်ခွဲမှု ကော်မတီ၏ ညွှန်ကြားချက်များကို ပြည်သူလူထုမှ လိုက်နာဆောင်ရွက်သွားရန် မတ်လ ၂၅ ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ထပ်ဆင့်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေငြာချက်တွင်( COVID-19 )ရောဂါ မဖြစ်ပွားစေရေးအတွက် မြန်မာတစ်နိုင်ငံလုံးတွင် အမျိုး သားရေးတာဝန်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
(COVID -19) ရောဂါ ကူးစက်မပြန့်ပွားစေရေးအတွက် ဧပြီလ ၃၀ ရက်အထိ တိုင်းဒေသကြီး အတွင်းရှိ စားသောက် ဆိုင်များ၊ ထမင်းဆိုင်များ၊ ကြေးအိုးဆိုင်များ ၊ ဟော့ပေါ့ဆိုင်များ ၊ ခေါက်ဆွဲဆိုင်များ ၊ လက်ဖက်ရည် ဆိုင်များတွင် အစားအသောက်များအား ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်း မပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို စားသောက်ဆိုင်လုပ်ငန်းရှင်များ အလေးထားလိုက်နာကြရန် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)


