လေးမျက်နှာ ၂၆   မတ်  

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်း၊ လက်ဆေးဘေစင်များ တပ်ဆင်ထားရှိခြင်းကို မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့် မြို့နယ်ကုသ‌ရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအောင်သန်းထွန်းထံမှ သိရသည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးအတွင်းရှိ သားငါးရောင်းချသော နေရာများ၊ ရပ်ကွက်၊ ကျေးရွာများရှိ သားသတ်ခုံနေရာများတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်း၊‌ ‌ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများအား ကျန်းမာရေးမကောင်းပါက ဝယ်ယူရောင်း ချခြင်း မပြုလုပ်ကြရန် အသိပညာပေးဆိုင်းဘုတ်များဖြင့် သတိပေးတားမြစ်ခြင်းနှင့် မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာ ကျေး လက်ကျန်းမာရေးဌာနများ၊ ဌာနဆိုင်ရာရုံးများ၊ ဈေး ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် လက်ဆေးဘေစင်များ ထားရှိခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)