တနင်္သာရီ  ၂၆   မတ်

 

မြိတ်ခရိုင်  တနင်္သာရီမြို့-မြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ အချုပ်သားကျား(၄၃)ဦး ၊ မ(၄)ဦးနှင့် ကလေးသူငယ် တရားခံ ကျား(၁)ဦး၊ စုစုပေါင်း(၄၈)ဦးအား မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီက 2019 Noval Corona Virus   (COVID-19) အဆုတ်ရောင် ရောဂါရောဂါနှင့်ပတ်သက်၍ လက္ခဏာရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာနေသူရှိ/မရှိတို့ကို စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။

 

0849

 

ယင်းသို့ ပညာပေးစစ်ဆေးမှုများကို မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဌာန ပူးပေါင်း၍ မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့် ၊မြို့မရဲခန်းမှူး ဒုရဲမှူး တင်အောင်၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာလင်းထိုက်နှင့် သူနာပြုအုပ်ဆရာမ ဒေါ်ဥမ္မာမျိုးတို့က Non-Contact Infrared Thermometer ဖြင့် ကိုယ်အပူချိန်မြင့်တက်၍ ဖျားနာနေသူရှိ/မရှိ စစ်ဆေးခြင်း 2019 Noval Corona Virus (COVID-19) အဆုတ်ရောင်ရောဂါ လက္ခဏာများ၊ နှာစေး၊ချောင်းဆိုးခြင်း ကိုယ်လက်ကိုက်ခဲ နာကျင်နေသူ ရှိ/မရှိတို့ကို တစ်ဦးချင်း စမ်းသပ်စစ်ဆေးပေးခြင်းဖြစ်ပြီး ထူးခြားစစ်ဆေးတွေ့ရှိမှု မရှိကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။

 

4328

 

ဆက်လက်၍ ဒေါက်တာလင်းထိုက်နှင့် သူနာပြုအုပ် ဒေါ်ဥမ္မာမျိုးတို့မှအချုပ်သား/သူများအား  2019 Noval Corona Virus   (COVID-19) အဆုတ်ရောင်ရောဂါ ကူးစက်မှု မခံရစေရေး၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ(၂) ခု အား အသိပညာပေး ဟောပြောခဲ့သည်။

 

3.2

 

ထို့အပြင် (COVID-19)ရောဂါ ကူးစက်မှုမှကြိုတင်ကာကွယ်ရေး အတွက် အချုပ်သားများအနေဖြင့် ရဲစခန်းမှ တရားခွင်သို့ ထွက်ခွာစဉ်နှင့် တရားခွင်မှ အချုပ်ခန်းသို့ ပြန်လည်ရောက်ရှိအချိန်တို့တွင် လက်ကို စနစ်တကျ စင်ကြယ်အောင်ဆေးကြောရန်နှင့်တကိုယ်ရည်န့်ရှင်းရေးကို အလေးထား တတ်စေရန် လက်ဆေးဘေစင်တွင် ဆပ်ပြာရည်နှင့် ရေပုံးကို စီစဉ်ဆောင်ရွက် ပေးထားကြောင်း၊ စနစ်တကျလက်ဆေးနည်းကိုလည်း သရုပ်ပြသ ပေးထားပြီးကြောင်း ရဲစခန်းမှူးဒုရဲမှူးတင်အောင် ထံမှ သိရှိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

56333333333333333333