ဂန့်ဂေါ ၂၆ မတ်
ပုလဲ-ဂန့်ဂေါကားလမ်း ဂန့်ဂေါမြို့အဝင်အနီးထိ ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်က တောမီးများ ကူးစက်လာသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ တောမီးလောင်ကျွမ်းရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရာရှိအပါအဝင် ဝန်ထမ်း ၆ ဦး တို့က မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် စနစ်တကျ မီးငြှိမ်းသတ်ရာ ညနေ ၅ နာရီဝန်းကျင်တွင် မီးငြိမ်း သွားကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)