ပဲခူး ၂၆ မတ်
ပဲခူးတက္ကသိုလ်ဝန်းအတွင်း ရှင်စောပုဆောင်၌ မတ်လ(၂၆)ရက်နေ့ နံနက်က ထိုင်းနိုင်ငံမှ နေရပ်ပြန် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတက္ကသိုလ်၌ နေရပ်ပြန် ၉၂ ဦး ရောက်ရှိပြီး မတ်လ (၂၆)ရက်နေ့ နံနက် ၁၁ နာရီခွဲက ထန်းတပင်မြို့နယ်မှ ၅ ဦး၊ ဖြူးမြို့နယ်မှ ၃ ဦး၊ ရေတာရှည်မြို့နယ်မှ ၄ ဦး၊ ကျောက်ကြီးမြို့နယ် ၄ ဦး၊ ဝေါမြို့မှ ၄ )ဦး စုစုပေါင်း(၂၀)အား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ် ဆောင်ရွက်ကာ ပြန်လည်ပို့ဆောင်ပေးကြောင်း သိရသည်။
ပဲခူးတက္ကသိုလ်ဝန်းအတွင်း ရှင်စောပုဆောင်၌ နေရပ်ပြန်ပြည်သူများအား ပဲခူးမြို့ ကျန်းမာရေးကြီးကြပ် စောင့်ရှောက်မှု ကော်မတီဝင်အဖွဲ့များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်ကာ ပဲခူးမြို့ ပရဟိတ အဖွဲ့များကလည်း ရေသန့်ဘူးများ ထမင်းဘူးများဖြင့် ပါဝင်လှူဒါန်းပေးကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)


