ပြင်ဦးလွင် ၂၆ မတ်
ပြင်ဦးလွင်မြို့တွင် COVID 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သံသယလူနာများရှိလာလျှင် အချိန်မီ စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) ရတနာပုံ ဆိုက်ဘာစီးတီးနှင့် ကျင်ဂနိုင်ကျေးရွာရှိ ပတ္တမြားရိပ်သာတို့၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ထားရှိမှုများအား တိုင်းဒေသကြီးလွှတ်တာ်ကိုယ်စားလှယ် ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ထပ်ဆောင်၊ နှစ်ထပ်ဆောင်၊ အိပ်ခန်း၊ နားနေခန်း ထမင်းစားခန်း၊ ရေချိုးခန်း၊ အိမ်သာ စသဖြင့် ပြင်ဆင်ထားရှိမှုများအား ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် COVID 19 ရောဂါမဖြစ်ပွားရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိမှုများအား တိကျစွာ လိုက်နာဆာင်ရွက်သွားကြရန်နှင့် လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောနိုင်ရေးအတွက် ကျန်းမာရးအသိပညာပးခြင်း သံသယလူနာတွေ့ရှိလျင် စနစ်တကျ စီမံဆောင်ရွက်သွားရန်တို့အား မှာကြားခဲ့ကြာင်း သိရသည်။
မြတ်စုမွန်(ပြန်/ဆက်)


