ဝန်းသို ၂၆ မတ်
ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် COVID-19 ရောဂါ အသိပညာပေးလုပ်ငန်းများကို ယနေ့နံ နက် ၇ နာရီခွဲတွင် ဝန်းသိုမြို့ စည်ပင်သာယာမြို့မဈေးနှင့် မြို့သစ်ဈေးတို့၌ ပြုလုပ်သည်။
အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရင်ခွင်မဲ့ကလေးစောင့်ရှောက်ရေး အမျိုးသမီးရေးရာအဖွဲ့၊ စည်ပင်သာယာရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များက ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွှေးကြူဇင်


