ဝါးခယ်မ ၂၆ မတ်
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ကမ္ဘာ့ကပ်ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် ယနေ့ နံနက် ၁၀ နာရီက မရမ်းချောင် လမ်းဆုံအဝေးပြေး လမ်း၌ ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပူးပေါင်းပြီး ဆိုင်ကယ်၊ ထော်လာဂျီ၊ သုံးဘီးနှင့် ကားများ၊ အဝေးပြေးယာဉ်လိုင်းများမှ ခရီးသွားပြည်သူများအား နိုင်ငံရပ်ခြား / မည်သည့်ဒေသမှ ပြန်လာသည်ကို စုံစမ်းမှတ်သားထားခြင်း၊ Non-Contact Infrared Thermometer ဖြင့် အဖျားရောဂါ ရှိ/မရှိ၊ ကိုယ်အပူချိန်မြင့်တက်နေခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


