မော်လမြိုင်ကျွန်း   ၂၅   မတ် 

ဧရာဝတီတိုင်ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကတင်(၁၀ဝ)ဆေးရုံကြီးတွင် ယမန်နေ့၊ မွန်းလွဲ  ၂ နာရီက  COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပဆောင်ရွက်သည်။
                    
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေး၊ မြို့နယ်ဆရာဝန်ကြီးနှင့် မြို့မိမြို့ဖများ  မှ ရောဂါထိန်းချုပ်ရေးပတ်သက်၍ နေ့စဉ်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ရှေးလုပ်ငန်းစဉ်များ    ဆွေးနွေးခဲ့ကြပြီး ဆပ်ကော်မတီခွဲများမှ မိမိတို့လုပ်ငန်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်နှင့်ပတ်သက်၍ သံသယလူနာ (လုံးဝ) မတွေ့ရှိပါကြောင်း၊  စောင့်ကြည့်အဖြစ်သတ် မှတ်ထားသူများအား (Home Quarantine) အဖြစ် (၁၄) ရက်စောင့်ကြည့်ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။
                                            
အဆိုပါအခမ်းအနားတွင် မြို့နယ်အတွင်းရှိစေတနာရှင်အလှူရှင်များမှ COVID -19 ကူးစက်ရော ဂါကာကွယ်စောင့်ရှောက်ရေးတွင်အသုံးပြုနိုင်ရန်အတွက် ဦးညွှန့်လွှင်(၁၀)သိန်းကျပ်၊ ဦးကြည်လွင်(၁၀) သိန်းကျပ်၊ ဦးဌေးစိန် (၅)သိန်းကျပ်၊ ဦးကျော်ဌေး (၅)သိန်းကျပ်၊ ဦးသိန်းစိုး(၃) သိန်းကျပ်နှင့် မြို့နယ်ရင် ခွင်မဲ့ ကလေးလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ (၂)သိန်း၊   စုစုပေါင်း  ကျပ်သိန်း (၄၀) အားမတည်ငွေအဖြစ်စုပေါင်းလှူဒါန်းကြပါကြောင်း သတင်းရရှိသည်။

အောင်အောင်(ပြန်/ဆက်)