ညောင်ဦး   ၂၆      မတ်       

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာနှင့် ကန်နီကြီးတဲတိုက်ရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၂၆ ရက် ၊ နံနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

a

 

ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်း အဖွဲ့ဝင်များက ရေသယ်ယာဉ်နှစ်စီးဖြင့် သွားရောက်၍ ညောင်ဦးမြို့နယ် ကောင်းညိုကျေးရွာရှိ အိမ်ခြေ ၁၉၀ မှ လူဦးရေ ၁၀၇၅ ဦးအတွက် ရေဂါလန် ၂၅၀ဝ ၊ ကန်နီကြီးတဲတိုက်ရှိ အိမ်ခြေ ၄၃ အိမ်ရှိ လူဦးရေ ၂၀ဝ ကျော်အတွက် ရေဂါလန် ၁၅၀ဝ ၊ စုစုပေါင်း ရေဂါလန် ၄၀ဝ၀ အား ကျေးလက်နေပြည်သူများ  သောက်သုံးရေ ဖူလုံစေရေး စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတရေအလှူအသင်းမှ အဖွဲ့ဝင်ဖြစ်သူ ဦးဇော်ပွေးထံမှ  သိရသည်။ 

 

a

 

ရဲဝင်းနိုင် (ညောင်ဦး)