ကျုံပျော် ၂၆ မတ်

COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် နိုင်ငံခြားမှပြန်လာသူများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မော်တော်ယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂၅ ရက် ညနေက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစီးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်ဇော်ဝင်းက ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား စတင်ရောက်ရှိချိန်မှ စတင်၍ ၁၄ ရက်ကြာ သီးသန့် သတ်မှတ်ထားသည့် နေရာများတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြည်လုပ်သွားမည်ဖြစ်သဖြင့် မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိယာဉ်လိုင်းတွင် စီးနင်းသည့်ခရီးသည်များ၏ အမည်၊ ဖုန်းနံပါတ်၊သွားမည့်ဒေသတို့ကို စာရင်းပြုစု၍ အချိန်နှင့်တစ်ပြေးညီ ပေးပို့ကူညီရန်တို့ကို ဆွေးနွေးသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် မော်တော်ယာဉ်ပိုင်ရှင်များက စာရင်းပြုစု ရရှိနိင်မွု အခြေအနေနှင့် On Line အသုံးပြုပေးပို့မည့် အခြေအနေတို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးကြသည်။

ကျုံပျော်မြို့နယ်တွင် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်သူ အများအပြားရှိနေပြီး ထိုသူများမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာပါကလည်း ကျန်းမာရေးစစ်ဆေးပြီး၊ ကောင်းမွန်စွာ ထားရှိစောင့်ကြည့်မှု ပြုလုပ်ရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

ကိုနေဝင်း(ကျုံပျော်)