ဘုတလင် ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၁ နာရီက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က မြို့နယ်အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား Facility Quarantine နေရာ သတ်မှတ်၍ စနစ်တကျ ထားရှိနိုင်ရေး ဆောင်ရွက်နေမှုနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီကြရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များထံသို့ လုပ်ငန်းရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါလှူဒါန်းပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် လူမှု ကူညီရေးအသင်း (၆၆) သင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


