ဖာပွန် ၂၇ မတ် 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာတွင် မတ် ၂၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဖာပွန်မြို့၊ အုတ်သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်လဲ့လဲ့ဝင်း(ရန်ကုန်)က မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည့် နေအိမ်မှ အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၅၀ဝ၀ဝ၊ ဆန်(၆)ပြည်အိတ် တစ်အိတ်၊ စောင်၊ ခြင်ထောင်၊ အဝတ်အစားများ၊ အိုးခွက်ပန်းကန်နှင့် အိမ်ထောင်စုတစ်စုစာ လိုအပ်သောအသုံးအဆောင်ပစ္စည်းများအား လက်ဝယ်အရောက် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)