ဝန်းသို ၂၇ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်၁၀နာရီက ကောလင်းမြို့နယ် ငါးကြီးအိုင် ကျေးရွာတွင် ရေရရှိရေးလုပ်ငန်း လေးလက်မစက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကောလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်စိုးမင်း၊ တင်ဒါအောင်မြင်သည့် ဆန်းသစ်ခေတ်ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအသေးစိတ်အား လိုက်လံရှင်းလင်း တင်ပြရာ ခရိုင်ကျေးလက် ဦးစီးမှူးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ခုနှစ် ဘတ်ဂျက်ခွင့်ပြုငွေ ကျပ် ၁၄.၃ သန်းဖြင့် လေးလက်မ (ပေ ၄၀ဝ)စက်ရေတွင်းတစ်တွင်း၊ ဂါလံ(၂၀ဝ၀)ဆံ့ ရေစုကန်တစ်ကန်နှင့် အလျား ၁၀ပေ၊ အနံ ၈ပေ၊ အမြင့်၈ပေရှိ ရေစက်ရုံတစ်ခုတို့ ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးရာ၌ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


