တံတားဦး ၂၇ မတ်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးမြင့်ဦးက အမှာစကားပြောကြားပြီး အလှူရှင် ဒေါ်မြင့်မြင့်ဌေးမှ အလှူငွေလှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဘုန်းဘုန်းရွှေမန်း ဦးဉာနိန္ဒမှ ငွေကျပ် ၁၈ သိန်းတန်ဖိုးရှိ Patient Monter (၂)လုံး၊ ဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း)မှ ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိပစ္စည်းများ၊ တံတားဦးမြို့မှ ဦးစိုးနိုင်(ဒု/ညွှန်မှူး-ငြိမ်း)+ ဒေါ်မြင့်မြင့်ဌေး (ခိုင်သဇင်အထည်ဆိုင်)မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)


