တီးတိန် ၂၇ မတ်
COVID-19 ရောဂါထိန်းချုပ်ရေးအတွက် ချင်းပြည်နယ်အစိုးရမှ ပေးပို့သော ဆန် ၆၇၀ အိတ်၊ ဆီ ၁၀ ပိဿာဝင်ပုံး ၄၃ ပုံး၊ ကုလားပဲအိတ်ကြီး ၁၄ အိတ်၊ အိတ်သေး ၁ အိတ်၊ ဆားအိတ်ကြီး ၁၇ အိတ်နှင့် အိတ်သေး ၁ အိတ် တီးတိန်သို့ ယနေ့ရောက်ရှိကြောင်း သိရသည်။
အလားတူ KMSS အဖွဲ့အစည်းမှ ဆန်အိတ် ၁၅၀၊ PSI အဖွဲ့အစည်းမှ ဆန်အိတ် ၂၅၀ ကိုလည်း ကပ်တဲလ်ကျေးရွာနေ ပြည်သူများအတွက် လှူဒါန်းကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)


