(၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၈ : ၀၀) နာရီ
၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ (၂၆-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၇-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာ အသစ် (၄၇) ဦး ရှိပါသည်။
၃။ ယနေ့ (၂၇-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအချိန်အထိ စောင့်ကြည့်လူနာ (၆၈) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅)ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၂) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၄) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြု လူနာအား (၂၇-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက်ရှိပါသည်။
Ref; Ministry of Health and Sports, Myanmar


