ခင်ဦး ၂၈  မတ်

 

(COVID-19) ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မဈေး၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကိုတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့မမြို့ဖအဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းကာ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို မတ် ၂၇ ရက်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဈေးရှိ အဝင်/အထွက်ပေါက်နေရာများတွင် အများပြည်သူများအသုံးပြုနိုင်ရန် လက်ဆေးကန်များကို ဆောင်ရွက်ပေးထားသည့်အပြင် လက်သန့်ဆေးရည်များနှင့် (COVID-19) ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

 

(COVID-19)ရောဂါ ပိုးသတ်ဆေးရည် အလှူရှင် ဦးမြင့်သန်း+ဒေါ်နှင်းနွယ်စိုး(ရွှေလွန်းတင်စိုး) မိသားစုတို့မှ လှူဒါန်းသည့် (COVID-19)ရောဂါ ပိုးသတ်ဆေးရည် ၅ ဂါလန်ကို လူစည်ကားသော ဘူတာ၊ ဆေးရုံ၊ အချုပ်ခန်းတို့ကို ဆက်လက်ပက်ဖျန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီကော်မတီဉက္ကဌ ဦးစိုးဝင်းအောင်က ပြောသည်။

 

ချစ်စံ(ခင်ဦး)