ဆော ၂၈  မတ်

 

ဆောမြို့တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဘက်ပေါင်းစုံမှ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ် ၂၇ ရက်နေ့က ဆောမြို့သို့ ရောက်ရှိလာကြသည့် ခရီးသွားပြည်သူများကို ရှင်မာလဲ ဘုရားကွင်းပြင်နှင့် အထကကျောင်းရှေ့တို့၌ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

326

 

ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထွန်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေး ပန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပါဝင်လျက် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါ လာကြသည့် ခရီးသွားပြည်သူများကို ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် လက်သန့်စင်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊နိုင်ငံခြားတိုင်းပြည်များမှ ပြန်လာသူများအား လိုအပ်ချက်အရ အသွားအလာ ကန့်သတ်ခြင်း(Quarantine)၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရန် ရှောင်ရန် ပညာပေးကိစ္စရပ်များကို ခရီးသွားပြည်သူ တစ်ဦးချင်းစီအား ဆွေးနွေး ပြောကြားကာ COVIDE-19 ရောဂါ ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ဆော)

 

885