လောက်ကိုင် ၂၈ မတ်
လောက်ကိုင်မြို့တွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများမှ ဦးဆောင်ပဓာနပြု၍ လက်ရှိ ဖြစ်ပေါ်နေသော (COVID-19) ကပ်ရောဂါနှင့် အခြားဘေးအန္တရာယ်များမှ ကင်ရှင်းစေရန် မြို့နယ်လုံးကျွတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူးဇော်ပွဲကို ဧပြီလ(၁)ရက်နေ့၌ ကျင်းပ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပရိတ်တရားတော်များ ရွတ်ဖတ်ပူးဇော်ပွဲကျင်းပရာ တွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ရုံး တွင်ပင့်သံဃာ (၃၆)ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီးနောက် မြို့ထောင့်နေရာ (၄) နေရာဖြစ်သည့် ရန်လုံကျိုင်း (နယ်စပ်ဝင်/ထွက်ဂိတ်)၊ ဆီအော ကျေးရွာ (ညောင်ပင်) ၊ ပန်သစ္စာ ဆီဆိုင် (ဂျပန်လမ်းဆုံ)နှင့် ကြံခင်းဂိတ် (မြို့ဝင်/ထွက်ဂိတ်)တို့တွင် ပင့်သံဃာ (၉)ပါးစီဖြင့် တပြိုင်တည်း ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)


