ကံမ  ၂၈  မတ်

 

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊   ကံမမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရွာသာလှ ကျေးရွာရှိ အိမ်ထောင်စုများအား မီးဖိုချောင်သုံးလောင်စာအဖြစ် ၂.၈၅ တန်ရှိသော ထင်းများအား ယမန်နေ့က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

319

 

အဆိုပါ လောင်စာထင်းများမှာ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ထိန်းသိမ်းကာကွယ်ထားသည့်  သဘာဝတောများအနက် ၁၀ဝ၀ ဧကရှိ သောကတန်း တောင်သဘာဝတော၏ ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းမှရရှိလာသည့် ဧက ၁၀ဝ မှ ထွက်ရှိလာသော ထင်းများဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ထင်းလောင်စာနှင့် မီးသွေးများ လျော့ချသုံးစွဲခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပညာပေး ပြောကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်မြင့်၏ ပြောကြားချက်အရ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)