ရန်ကုန် ၂၈ မတ်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပလန်အင်တာနေရှင်နယ်မြန်မာတို့ ပူးပေါင်းကျင်းပမည့် မြို့ပြဘေးဒဏ်ခံနိုင်စွမ်း မြှင့်တင်ရေးစီမံချက်၊ ရန်ကုန်တိုင်းဒေသကြီး ရုပ်သံဇာတ်လမ်းတိုနှင့် ကာတွန်းရုပ်ပြဇာတ်လမ်းတို (Short Film and Animation) ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပလန်အင်တာနေရှင်နယ်မြန်မာမှ သိရသည်။

 

အဆိုပါပြိုင်ပွဲ၀င်ခေါင်းစဉ်များတွင် မြို့ပြသဘာ၀ပတ်၀န်းကျင် (မြို့ပြအသံဆူညံမှု၊ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု) စွမ်းအင်ချွေတာခြင်း (ရေရှားပါးပြတ်လပ်မှု၊ ရေချွေတာခြင်း၊ လျှပ်စစ်မီးအသုံးပြမှု ချွေတာခြင်း) လမ်းနှင့် ယာဉ်အန္တရာယ် ဘေးကင်းရေး၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် လူသားအပေါ် ဆက်စပ်ပြဿနာများ၊ ရာသီဥတုပြောင်းလဲခြင်း (မြို့ပြရေကြီးရေလျှံမှုနှင့် လူသားအပေါ် ဆက်စပ်ပြဿနာများ) အားလုံးအကျုံး၀င်သည့် သယ်ယူပို့ဆောင်ရေးစနစ် (ကျား/မရေးရာနှင့် မသန်စွမ်းသူများ ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ) ခေါင်းစဉ်ဖြင့် ပြိုင်ပွဲ၀င်ကြရမည်ဖြစ်ကြောင်း သိရသည်။

 

ပြိုင်ပွဲအတွက် အွန်လိုင်းလျှောက်လွှာများကို ဖော်ပြပါ http://bit.ly/plancompetition2020 လင့်တွင် ဧပြီ ရက်မှ ၁၀ ရက်အထိ လက်ခံသွားမည်ဖြစ်ရာ ပြိုင်ပွဲ၀င်ဇာတ်လမ်းတို တင်သွင်းရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဆုရရှိသော ဇာတ်လမ်းတိုများအားမေ ၂၀ ရက်တွင်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး