နေပြည်တော် ၂၈ မတ်
လတ်တလောဖြစ်ပေါ်နေသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အမြန်လမ်းမကြီးတစ်လျှောက် Rest camp များတွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်များ ဖွင့်လှစ်ခြင်းကို မတ် ၂၉ ရက်မှစ၍ ဆိုင်ထိုင်စားသောက်ခြင်းကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိကြောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်သွားလာမှုများကို ပုံမှန်သွားလာခွင့်ပြုထားကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။
ဆက်လက်၍ အမြန်လမ်းမကြီးတစ်လျှောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ အပေါ့အလေး ကျန်းမာရေးကိစ္စများ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရဲစခန်း(၁၆)ခု၊ ရဲကင်း (၄၂)ခုတွင် အသင့်ပြင်ဆင်ထားရှိကြောင်း အသိပေးဖော်ပြထားသည်။
MDN
Ref: အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး


