တာချီလိတ် ၂၈ မတ်

 

မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID-19 ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းဆောင်ရွက်မှု တစ်ရပ်အဖြစ် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်း၍ စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

4365852342

 

ယင်းကဲ့သို့ ဆောင်ရွက်ရခြင်းမှာ နှစ်နိုင်ငံဆက်သွယ်ထားသော ချစ်ကြည်ရေး လူကူးတံတား ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံမှ တရားဝင်အလုပ်သမားများကို နှစ်ဖက်ညှိနှိုင်းမှုအရ အဆိုပါ လူကူးတံတားမှ ပြန်လည်လက်ခံခြင်းနှင့် ပြန်လည်ထွက်ခွာခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် မြန်မာ-ထိုင်း နယ်နိမိတ်မျဉ်း မယ်ဆိုင်မြစ်ချောင်းတစ်လျှောက် တရားမဝင် ဝင်/ထွက်မှုများ ရှိနေသဖြင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ COVID-19 ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်မှုနှင့် ရောဂါထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

 

မတ် ၂၅ ရက်မှ စတင်၍ ရပ်ကွက်များအတွင်း စာရင်းကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရှိရာ မတ် ၂၇ ရက်ထိ ပြန်လည်ဝင်လာသူ ၄၀၀ ဉီး စာရင်းကောက်ယူရရှိနိုင်ခဲ့ပြီး ဆက်လက်၍ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)