မူဆယ် ၂၈ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဒေသခံများက ကျပ် ၁၀၈၂၀၀၀၀ သိန်း တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများနှင့် အလှူငွေများကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက်ပေးအပ်လှူဒါန်းကြောင်း သိရသည်။
ထိုသို့ လာရောက်လှူဒါန်းမှုများတွင် မူဆယ်မြို့ ရွှေရောင်လင်းသစ်ကုမ္ပဏီမှ ကျပ်သိန်း(၄၀)တန်ဖိုးရှိ Mask ၆၀၀၀၊ ကျပ် ၂၄ သိန်းတန်ဖိုးရှိ PPE ဝတ်စုံ ၁၀၀ နှင့် ခုတင် ၂၀၀ ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း (Isolation) ထားရှိမည့် ခုတင် ၃၄ လုံးအတွက် တန်ဖိုးငွေ ကျပ် ၄၄ သိန်းတို့ကို မူဆယ်မြို့ရှိ ဒေသခံများက လာရောက်ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် ဝုန်းမေတ္တာ လူမှုကူညီရေးအသင်းမှ ငွေသား ကျပ် ၁၀ သိန်း လာရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုကော်မတီ(မူဆယ်)မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


