ငဖဲ ၂၉ မတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းနယ်မြေမီးသတ်စခန်း အဆောက်အဦနှင့် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်၍ မြို့နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့က မတ် ၂၈ ရက် ညနေပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပဒါန်းနယ်မြေမီးသတ်စခန်း အဆောက်အဦသည် အလျား ၄၅ ပေ၊ အနံ ၃၉ ပေ၊ အမြင့် ၁၅ ပေရှိ RC (၁)ထပ်အမျိုးအစားဖြစ်ပြီး၊ လေးခန်းတွဲဝန်ထမ်းအိမ်ရာသည် အလျား ပေ ၄၀၊ အနံ ပေ ၃၀၊ အမြင့် ၁၁ ပေရှိ Steel Structure (၁)ထပ်အမျိုးအစားဖြစ်၍ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၅၅.၅၉၅ သန်းဖြင့် Galaxy Power  ကုမ္ပဏီက ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်မှစတင်၍ တာဝန်ယူဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၈ ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)