ပဲခူး ၂၉ မတ်

ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီရုံးခန်းကို ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ စေတနာရှင် အလှူရှင်များက ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းကြကြောင်း သိရသည်။

 

ကော်မတီရုံးခန်း စတင်ဖွင့်လှစ်သည့် မတ်(၂၆)ရက်မှစတင်ပြီး အလှူရှင်များမှ အလှူငွေနှင့် COVID-19 ကာကွယ်ကုသထိန်းချုပ်ရေး ဆက်စပ်ပစ္စည်းများအား လာရောက်လှူဒါန်းပေးကြရာ ယမန်နေ့ ညနေပိုင်းတွင် ပဲခူးမြို့နေ ဦးတင်စိုး+ဒေါ်သန်းသန်းမူ (နေလဝန်းဆန်စက်နှင့်ပွဲရုံ) မိသားစုမှ (၄၈) သိန်းတန်ဖိုးရှိ ကျောပိုးဆေးဖျန်းစက် အလုံး(၆၀) အားလည်းကောင်း၊ ဦးထွန်းကျော် (Kanbo Co,ltd) မိသားစုမှ  ငွေကျပ်သိန်း(၁၀၀)တန်ဖိုးရှိ ကျော်ပိုးဆေးဖျန်းစက် (၁၂၅)လုံးအား လည်းကောင်း၊ EXCELLENT FORTUN FOUNDATION မိသားစုမှ PPE ဝတ်စုံ(၁၀၀)၊ ရာဘာလက်အိတ်အစုံ(၄၀၀)၊ Medical goggles (၃၃)ခု၊ Face mask (၁၂၀)ခုအားလည်းကောင်း လှူဒါန်းပေးကြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး COVID-19 ကာကွယ်ကုသထိန်းချုပ်ရေး ကြီးကြပ်မှူကော်မတီရုံး အဖွဲ့ခေါင်းဆောင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)