ဂန့်ဂေါ ၂၉ မတ်
ဂန့်ဂေါမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ ၃၆ စုံလှူဒါန်းခြင်းနှင့် PPE ဝတ်စုံ ၂၆ စုံဝယ်ယူရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် မနေခြည်အဖွဲ့မှ အလှူရှင်များကိုယ်စား PPE ဝတ်စုံ ၃၆ စုံ၊ ရန်ကုန်မြို့နေ ဦးညီခင်မိသားစုက PPE ဝတ်စုံ ၁၅ စုံ၊ မန္တလေးမြို့နေ မဇာဇာမိသားစုက PPE ဝတ်စုံ ၃ စုံ၊ ဦးကျော်ကျော်လင်း၊ ခရိုင်ဥပဒေအရာရှိက မွေးနေ့အလှူအတွက် PPE ဝတ်စုံ ၃ စုံ၊ ဂန့်ဂေါရွှေပြည် ယာဉ်လိုင်းမှ ကိုကြည်သူထွန်း+မသော်သော်မင်းတို့က PPE ဝတ်စုံ ၁ စုံ၊ ရန်ကုန်မြို့နေ မခင်လေးနွယ် မိသားစုက PPE ဝတ်စုံ ၁ စုံ၊ ဂန့်ဂေါမြို့ Shopping House စတိုးမှ မယဉ်မင်းသူဇာက PPE ဝတ်စုံ ၁ စုံ၊ ခေတ္တမလေးရှားမှ ကိုဝင်းထွန်း(ခ)ညီသားငယ်က PPE ဝတ်စုံ ၁ စုံ၊ စည်ပင်သာယာရပ်ကွက်မှ ဆရာမမိုမိုမင်း၊ ဗုဒ္ဓဝါဒီဓမ္မစကူးလ်က PPE ဝတ်စုံ ၁ စုံ၊ စုစုပေါင်း ငွေ(၉၁၀၀၀၀)ကျပ်တို့ကို အလှူရှင်များကိုယ်စား ကောင်းဆက်သာတံဆိပ်ရိုက်လုပ်ငန်းမှ ဦးအောင်စိုးမင်းက အလှူငွေများကို ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
ထင်အောင်နိုင်(ပြန်ဆက်)


