ဖလမ်း ၃၀ မတ်

 

ဖလမ်းမြို့ရှိ စားဝတ်နေရေးခက်ခဲသော ပြည်သူများအား မတ် ၃၀ ရက် နံနက်ပိုင်းမှစ၍ မိုးလုံလေလုံအားကစားခန်းမ၌ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင် (CRCDF) အဖွဲ့က ဆန်များ အခမဲ့ဖြန့်ဝေပေးသည်။

 

ဖလမ်းမြို့ရှိ ရပ်ကွက် ()ရပ်ကွက်အတွင်း စားဝတ်နေရေးခက်ခဲသော ပြည်သူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာရင်းကောက်ပြီး အဆိုပါစာရင်းအရ (CRCDF) အဖွဲ့က ဦးဆောင်ပြီး ဆန်အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်သည်။

 

ရန်ကုန်မြို့ရှိ Business Plus Travel & Tour ကုမ္ပဏီပိုင်ရှင် Andrew လာလ်လျန်ထန်းက ဖလမ်းမြို့ပြည်သူများ COVID-19 ရောဂါကြောင့် ဆန်ခက်ခဲမှုမရှိစေရေး ဆန်အိတ် ၁၀၀ လှူဒါန်းခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု ၁၇၇ စုကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဂျွန်(ပြန်/ဆက်)