မြဝတီ ၃၀ မတ်

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်()ရပ်ကွက်၊ ဇရစ်ချောင်းဘက်တွင်ရှိသော အမှိုက်ပုံကြီးမှာ တောမီးမှကူးစက်ပြီး မတ် ၂၄ ရက်မှ မီးစတင်လောင်ကျွမ်းလျက်ရှိရာ ယနေ့ မတ် ၃ဝ ရက်အထိ ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း သိရသည်။

 

"တောမီးကနေ အမှိုက်ပုံကို ကူးစက်ပြီးလောင်တာဗျ၊ မတ် ၂၄ ရက် ညနေပိုင်းကစပြီး လောင်တာ၊ မြဝတီမီးသတ်တပ်ဖွဲ့စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေရယ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေရယ်၊ တပ်မတော်သားတွေရယ်၊ မီးသတ်ယာဉ် ()စီး၊ ရေသယ်ယာဉ် ()စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်နေပါတယ်” ဟု အရန်မီးသတ်တပ်ဖွဲ့မှူး ဦးအောင်စိုးက ပြောသည်။

 

အဆိုပါ အမှိုက်ပုံမှာ မြဝတီမြို့မှ တစ်နေ့လျှင် အမှိုက်တန်ချိန် ၇ဝ ခန့် ပစ်နေရပြီး ယခင်နှစ်ကလည်း မီးလောင်ခဲ့ကာ ယခုအကြိမ်နှင့်ဆိုလျှင် ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)