ထားဝယ် ၃၀ မတ်

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ) ထံ လှူဒါန်းထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဝန်ကြီးများက ထားဝယ်ခရိုင်အတွင်းရှိ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတဆောင်ရွက်လျက်ရှိသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ) ထံ ထောက်ပံ့ငွေကျပ် သိန်း (၃၀) အား ပေးအပ်ရာ  တာဝန်ရှိသူများက လက်ခံယူသည်။

 

ဆက်လက်၍လည်း မြိတ်နှင့် ကော့သောင်းဒေသတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် လူထုအခြေပြု အထောက်အကူပြု အဖွဲ့များထံသို့လည်း ငွေကျပ်သိန်း (၃၀) စီ ဆက်လက်လှူဒါန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ပေးပို့သူ-ဦးကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)