မိုင်းယောင်း  ၃၁   မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ရိုင် မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါအန္တရာယ်ကို ကာကွယ်ထိန်းချုပ်ကန့်သတ်နိုင်ရေးအတွက် မိုင်းယုတံတားကို မတ် ၃၁ ရက်က ယာယီပိတ်လိုက်ကြောင်း မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါအန္တရာယ်ကို ကြိုတင်၍ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကန့်သတ်သွားနိုင်ရေးအတွက် မတ် ၂၉ ရက်က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

 

COVID-19 ရောဂါအန္တရာယ်ကို တင်းကြပ်စွာ ကာကွယ်နိုင်ရန်အတွက် အထူးဒေသ(၄)မှ ကျိန်းယဲန်းဘက်ခြမ်းကို မတ် ၂၄ ရက် နံနက် ၈ နာရီက ယာယီပိတ်ထားခဲ့ပြီးဖြစ်ကာ ယခုအခါ အဆိုပါတံတားကို မိုင်းယုဘက်ခြမ်းမှ ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)