ဆော ၃၁ မတ်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအုပ်စု ကြိမ်ချောင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်းသိရ၍ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မတ် ၃၀ ရက် မွန်းလွဲပိုင်းက ဆောမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်မှူး ဇော်သူဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ရေသယ်ယာဉ်တစ်စီးဖြင့် ရေဂါလံ ၁၆၀ဝ အား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အဆိုပါကျေးရွာရှိ ရေလောင်အုတ်ရေကန်အတွင်း ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)


