ပွင့်ဖြူ ၃၁ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ မင်းတဲကုန်းကျေးရွာနှင့် သရက်တောကျေးရွာအုပ်စု၊ မင်းဇံကျေးရွာတို့မှ မီဘေးသင့်အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မတ် ၃၁ ရက်၊ နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်က မီးဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားပြီး နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို အကျိုးရှိစွာ သုံးစွဲသွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ မင်းတဲကုန်းကျေးရွာမှ (၄ ပင် × ၃ ပင်) သွပ်မိုး၊ ပျဉ်ခင်းနှစ်ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ၀၊ မီးဘေးသင့်အိမ်ထောင်စု (၇)ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၁၄၇၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို လည်းကောင်း၊ မင်းတဲကုန်းကျေးရွာမှ ဓါးထိုးခံရ၍ သေဆုံးသွားသော မချိုချိုမာအတွက် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀ ကို လည်းကောင်း၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာအုပ်စု၊ မင်းဇံကျေးရွာမှ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ်လူနေအိမ် မီးလောင်ဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေကျပ် ၁၀ဝ၀ဝ၀၊ မီးဘေးသင့် အိမ်ထောင်စု(၁)ဦးအတွက် စားနပ်ရိက္ခာဆန်းဖိုးငွေကျပ် ၂၁၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


