မိုင်းဖြတ် ၃၁ မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ကျိုင်းတုံ-မိုင်းဖြတ်- တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအား ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်း၊ အသိပညာပေးခြင်း နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

 

0932

 

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်နှင့် ပူးပေါင်းအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ပြောကြားခဲ့သည်။

 

0935

 

ဆက်လက်၍ ညနေ ၃ နာရီခွဲတွင် မြို့မစျေးအတွင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်  ဌာဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ဈေးအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)