မြောင်းမြ   ၁   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ယမန်နေ့ ညနေ ဈေးပိတ်ချိန်တွင် မြို့မဈေးကြီး၌ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

 

5328

 

အဆိုပါ ပိုးသတ်ဆေးရည်ဖြင့် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများ၊ အသားရုံ၊ ငါးတန်းများ၊ ဈေးအပြင်တန်းရှိ ငါးတန်းများ၊ ဆိုင်ခန်းတို့ကို မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်း၊ ထုံးဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကေခိုင်စိုး(မြောင်းမြ)

 

6656