မြဝတီ ၁ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ကု သ ရေးလုပ်ငန်းအနေဖြင့် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများ လိုက်နာရမည့်အချက်များနှင့် ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သည့်လုပ်ငန်းအနေဖြင့် အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဗီနိုင်းပိုစတာများနှင့်လက်ကမ်းစာစောင်များတွင် ရောဂါကူးစက်နိုင်ခြေရှိ သည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရေးအတွက် ရှောင်ရန်ရှောင်ရန်အချက်များ သံသယဖြစ်ဖွယ် လက္ခဏာများပါဝင်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ဘုရင့်နောင်ဈေးနှင့် အထက ၁ ကျောင်း တို့တွင် ဗီနိုင်းစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


