ဆီဆိုင်      ၁   ဧပြီ    

ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

a

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်းက ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှသိန်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့က  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

a

 

အဆိုပါ ပြည်ထောင်စုလွှတ်တော်ဖွံဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀)ကို ဆီဆိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၁၉)အုပ်စုအတွက် ရေရရှိရေးလုပ်ငန်း(၂)ခု၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်း(၁၉)ခု၊ စုစုပေါင်းလုပ်ငန်း(၂၁)ခုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)