ပင်လုံ     ၁    ဧပြီ 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ မွန်းတည့် ၁၂ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့သို့ရောက်ရှိကာ  ထိုင်းနိုင်ငံမှ ဝင်ရောက်လာ သူ(၁၅)ဦးအား (Facility Quarantine) အဖြစ်ထားရှိသည့် ပင်လုံတက္ကသိုလ်ဘော်ဒါဆောင်သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းအထူးကြပ်မတ်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များ မှာကြားသည်။

 

a

 

ထို့နောက် မြို့အဝင်/ အထွက်များတွင် ခရီးသည်တင်ယာဉ်များဖြင့် စီးနင်းလိုက်ပါလာသောခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ပင်လုံမြို့ အထက(၁)သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဝန်ထမ်းများ၊ ပြည်သူများ၊ ရပ်ရွာလူမှုကူညီရေး အဖွဲ့များအားလုံးမှ ပူးပေါင်းပါဝင် ဆောင် ရွက်ပေးရန်မှာ ကြားခဲ့သည်။

 

a

 

ထို့နောက်  ရှမ်းပြည်နယ်လွှတ်တော်  ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊  လွိုင်လင်ခရိုင် အထွေထွေအုပ် ချုပ်ရေးဉီးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအောင်ဇော်လတ်တို့က လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနေဖြင့် ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊ စနစ်တကျစောင့်ကြည့်ခြင်းနှင့် ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်တင်ပြကြောင်းသိရှိရပါသည်။

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ပင်လုံ)