မုံရွာ ၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် လတ်တလောဖြစ် ပွားလျက်ရှိ သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာများတွင် စားနက်ရိက္ခာများ ပြတ်လပ်နိုင်ဖွယ်မရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
၂၀၁၈-၂၀၁၉ ခုနှစ်တွင် အခြေခံစိုက်ပျိုးရေးဆိုင်ရာ စားသောက်ကုန်များဖြစ်သည့် နွေစပါး နှင့်မိုးစပါး စိုက်ပျိုးဧက စုစုပေါင်း ၂၁၇၉၃၃၀ မှ စပါးအထွက်နှုန်း ၁၈၁၇၁၂၄၈၃ တင်း မှ ဆန် အထွက်နှုန်း ၆၃၅၉၉၃၆၉ တင်း ထုတ်လုပ်နိုင်သည့်အတွက် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်သော လူဦးရေ ၅၃၂၀၂၉၉ ဦးအတွက် ဆန်များအလုံအလောက်ရှိပါကြောင်း၊ ဆီထွက်သီးနှံ များအနေဖြင့် နှမ်း ၁၀၄၅၈၉၂ ဧက၊ မြေပဲ ၈၆၄၉၂၂ ၊ နေကြာ ၃၇၀၉၇၉ ဧက အပါအဝင် ဆီထွက် သီးနှံစုစုပေါင်း ၂၄၅၄၂၂၉ ဧကမှ အထွက်နှုန်း ၇၅၆၄၇၆၂၈ တင်းရရှိခဲ့ပြီး ဆီဖူလုံမှုအနေဖြင့် ၅၇၁ ရာခိုင်နှုန်းရှိပါကြောင်း သိရှိရသည်။
ပဲမျိုးစုံသီးနှံများ အနေဖြင့် ပဲတီစိမ်း ၅၉၂၉၃၈ ဧက ၊ မတ်ပဲ ၁၇၂၅၃၇ ဧက၊ ပဲစဉ်းငုံ ၄၇၈၀၁၄ ဧက စုစုပေါင်း ၂၅၃၄၃၄၃ ဧကမှ အထွက်နှုန်း ၄၅၂၁၅၅၆၂ တင်းရရှိခဲ့သောကြောင့် ပဲဖူလုံမှုအနေဖြင့် ၁၀၄၇ ရာခိုင်နှုန်း ရှိပါကြောင်း ၊ ကြက်သွန်နီ ၄၄၈၀၆ ဧက ၊ ကြက်သွန်ဖြူ ၁၂၀၃၃ ဧက၊ ငရုတ် ၁၄၂၂၆ ဧက စုစုပေါင်း ၇၈၄၀၂ ဧကနှင့် ဟင်းသီးဟင်းရွက် ၂၉၃၂၆၅ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


