မိုးကောင်း ၂ ဧပြီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးပြုရန် ဧပြီ ၂ ရက် နံနက် ၁၀ နာရီက ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မိုးကောင်း)မှ Infra red Thermometer ၁၀ ခုနှင့် Mask ၃၀ဝ လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံက လက်ခံရယူခဲ့သည်။
ဝင်းနိုင်(ကချင်မြေ)