ချောက် ၃   ဧပြီ  

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ ထန်းစုရွာသစ်ကျေးရွာတွင် ဒေသခံပြည်သူများ  ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် အပူပိုင်းဇုန် ရေရရှိရေး JICA စီမံကိန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မတ်လ ဒုတိယ အပတ်မှစတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ စက်ရေတွင်း တူးဖော်အောင်မြင် ပြီးစီးပြီနေပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

2

 

ထန်းစုရွာသစ်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အပူပိုင်းဇုန် ရေရရှိရေး JICA စီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၁၆၁ သန်းဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင်  တွင်းအနက်ပေ ၁၂၄၀ တွင် စက်ရေတွင်း တူးဖော်အောင်မြင်ခဲ့ပြီး တွင်းဆေး၊ လေမှုတ်ခြင်း ဆောင်ရွက်ရာတွင် တစ်နာရီလျှင် ရေဂါလန် ၁၅၀ဝ ထွက်ရှိကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောပြ၍ သိရသည်။

 

3

 

ချောက်မြို့နယ် အတွင်း၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၈၁ ဒသမ ၈၇ သန်းဖြင့် ထိန်စမ်းကျေးရွာ၊ တည်ပင်ကန်ကျေးရွာ၊ ကံသာကျေးရွာများတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ အပူပိုင်းစုံကျေးလက်ရေရရှိရေး JICA စီမံကိန်း ခွင့်ပြုရန်ပုံငွေ ၇၀ ဒသမ ၈၀၉ သန်းဖြင့် ဆူးတပ်ကျေးရွာ၊ ထန်းစုရွာသစ်ကျေးရွာနှင့် မြေစွန်း(အနောက်)ကျေးရွာများ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ် လုပ်ငန်း များကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

4

 

အဆိုပါ ကျေးရွာများတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေ (၇၈၁)အိမ်၊ လူဦးရေ(၃၇၈၀) နှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ သောက်သုံးရေ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်

 

7