ရန်ကုန် ၃ ဧပြီ
တောင်ဥက္ကလာပမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကော်မတီနာယက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်နှင့် ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်တို့ ဦးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဧပြီ ၂ ရက်က အမှတ်(၇) ရပ်ကွက်၊ (၁၂) ရပ်ကွက်နှင့် (၁၄)ရပ်ကွက်တို့၌ လိုက်လံဆောင်ရွက်ပေးခဲ့ရာ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ပြီး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းအား ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေထက်အောင်


