ဒေးဒရဲ  ၃  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ဒေးဒရဲမြို့၌ Facility Quarantine ဆောင်ရွက်ထားရှိ သူများအား စားစရိတ်များနှင့် ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

158

 

လှူဒါန်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက် အောင်က ဒေးဒရဲမြို့နယ်အနေဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိ လာသူများအား  Facility Quarantine Centre များတွင် ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် စောင့်ကြည့် လူနာများနှင့် Volunteers များ၊ ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို လှူဒါန်းပေးပါသော အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

28644

 

ဆက်လက်၍ ဖျာပုံခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ မိသားစုနှင့် ဦးအောင်ကျော်မျိုး၊ ဒေါ်ပြုံးပြုံးအေး (ဖျာပုံ)တို့က PPE (၁၀ဝ)စုံ၊ လက်သန့်ဆေး (၁၀ဝ)ဗူး၊ Mask (၂၀ဝ၀)ခု၊ အောက်ဆီဂျင် (၅)စုံ၊ ခေါက်ဆွဲခြောက်၊ အချိုရည်များနှင့် Facility Quarantine Centre များရှိ စောင့်ကြည့်လူနာများအတွက် တစ်နေ့စားသောက်စရိတ် ငွေကျပ် ၈၄၀ဝ၀ ပေးအပ် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)

 

11384