မြောင်းမြ ၃ ဧပြီ
မြောင်းမြမြို့တွင် Corona Virus Disease-2019 (ကိုဗစ်-၁၉ ရောဂါ) ကာကွယ်ထိန်းချုပ်ရေး အတွက် ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း ရွေ့လျားမော်တော်ယာဉ်ဖြင့် ဧပြီ ၃ ရက် နံနက်ပိုင်းမှ စတင်ကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ မြောင်းမြမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ၊ အမှတ် ၈၁ ယာဉ်ထိန်းတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြောင်းမြမြို့ မြသာယာဈေး ၊ မြောင်းမြပြည်သူ့ ဆေးရုံရှေ့ ၊ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်း ၊ $2သင်္ဘောဆိပ် ၊ ကားလေးဂိတ်များတွင် ခရီးသွားပြည်သူများအား "ကိုဗစ်-၁၉ရောဂါ မိမိကစ၍ ကာကွယ်ပါ" လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်း ၊ လက်သန့်ဆေးရည်များ စနစ်တကျ သုံးစွဲစေခြင်းနှင့် လက်ကို စင်ကြယ်စွာ ဆေးကြောနည်းစနစ်များ စသည်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းရနံ့(မြရာမြေ)



