ရန်ကုန်   ၃  ဧပြီ   

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်း လမ်းများအလိုက် ပိုးသတ်ဆေးများ ဖျန်းခြင်း နှင့် ဆပ်ပြာရည်များဖြင့် ဆေးကြောခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိသည်။

 

14111

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ဖို့မြေရပ်ကွက် (၁၀၁) လမ်းတွင် မြို့နယ်မီးသတ် ဦးစီးဌာန၊  ဖို့မြေပရဟိတအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းကာ ပိုးသတ်ဆေးများ ဖျန်းခြင်းနှင့် ဆပ်ပြာရည်များဖြင့် ဆေးကြောခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ချစ်စုဝေ(ပြန်/ဆက်)

 

8050